Posts

Tipitaka.lk

Image
သီရိလင်္ကာနိုင်ငံမှ ရေးသားထားသော ဆဋ္ဌသင်္ဂါယနာ တိပိဋက။  ကျမ်းများလည်း စုံလင်, ဘာသာစကားများစွာဖြင့်     Devive များစွာပေါ်မှာလည်း  အသုံးပြုနိုင်သည့်အတွက်  Share လိုက်သည်။  iPhone, iPad ပေါ်မှာ အသုံးပြုဖို့အတွက် internet web browser ကို အသုံးပြုနိုင်သည်။  အသုံးပြုရန်  Link Download For Android      ↓ Apkpure Link (90.4MB) Google Playstore Link(90MB) Download For Windows(173MB) Download For macOS(173MB)

မေတ္တာဝါဒ (ဗြဟ္မဝိဟာရအဖွင့်) ဓမ္မာစရိယဦးဌေးလှိုင်

Image
မေတ္တာနှင့် စပ်၍ စာတွေ့လက်တွေ့ အခိုင်မာဆုံး, လွယ်ကူပွင့်လင်း၍ အရှင်းလင်းဆုံး ပညာပေးကျမ်းစာ မေတ္တာဝါဒ (ဗြဟ္မဝိဟာရအဖွင့်)  ဓမ္မာစရိယဦးဌေးလှိုင် Download Book here(file size 21.9 MB)  

မြန်မာ့ရှေးရိုစဉ်လာ အရိုအသေပေးထိုင်ပုံစနစ် ပြန်လည်ဖော်လှစ်ခြင်း= အရှင်တိလောကာဘိဝံသ (အင်းစိန်)

Image
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ မြန်မာ့ရှေးရိုးစဉ်လာ အရိုအသေပေး ထိုင်ပုံ ယနေ့ မြန်မာလူမျိုးများ ဘုရားရှိခိုးရာ၊ ဆရာတော် သံဃာတော်များ , လူကြီးသူမများကို ရှိခိုးရာ စသည်တို့၌ ထိုင်ပုံထိုင်နည်း အမျိုးမျိုး တွေ့ရသည်။ အချို့အမျိုးသားများက ဆောင့်ကြောင့် ထိုင် အနေအထား၊ အချို့အမျိုးသားများနှင့် အမျိုးသမီးများက ပုဆစ်တုပ် ထိုင်အနေအထား ဤနှစ်မျိုး အတွေ့များသည်။ ပုဆစ်တုပ်ထိုင်ရာ၌လည်း ခြေထောက်နှစ်ဖက်လုံးကို တင်ပါးအောက်သွင်းကာ ခြေဖဝါး ပက်လက်လှန်၍ အပေါ်က တင်ပါးဖိထိုင်သော ပုဆစ်တုပ်နည်း၊ ခြေထောက်နှစ်ချောင်း ဘေးမှာကွေး၍ တင်ပါးလွှဲထိုင်သော ပုဆစ်တုပ်ထိုင်နည်းဟု နှစ်မျိုးတွေ့ရသည်။ အဆိုပါ နှစ်မျိုးလုံးပင် ပုဆစ်တုပ်ထိုင်နည်းဟု ဆိုလိုပါသည်။   နမူနာပုံများ မြန်မာ့ရှေးရိုးစဉ်လာ အရိုအသေပေးထိုင်ပုံ များကို လေ့လာကြည့်သောအခါ မြန်မာအစ တကောင်းက ဆိုသော်လည်း ပုဂံမတိုင်မီက တကောင်း , ပျူ , ကမ်းယံ , သက် - စသည်ဖြင့် ဒေသဆိုင်ရာ လူမျိုးအစုအဖွဲ့လေးများ သီးခြားစီ ရှိနေခဲ့ကြသည်။ ပုဂံခေတ် အနော်ရထာဘုရင် လက်ထက်မှစ၍ မျိုးနွယ်စုလေးများ စုပေါင်းပြီး မြန်မာဟု တွင်ခဲ့သည...